current location : Lyricf.com
/
Songs
/
Чужой [Chuzhoy] [Burmese translation]
Чужой [Chuzhoy] [Burmese translation]
turnover time:2024-04-29 02:08:54
Чужой [Chuzhoy] [Burmese translation]

ငါ့​ကို​ အား​လုံး​တွက်​ ခွင့်​လွှတ်​ပါ​

ငါ​ မျက်​စိ​မ​မြင်​တဲ့​အ​တွက်​

ကောင်း​ကင်​မှာ​ နေ​မ​ရှိ​ပဲ​၊ လ​ ပဲ​ရှိ​တဲ့​အ​တွက်​

မင်း​ရဲ့​အ​ကြည့်​တွေ၊​ မင်း​ရဲ့​အ​သံ​တွေ​ကို​

မြတ်​နိုး​မိ​တဲ့​အ​တွက်​

ချစ်​လေး​ရေ​ခွင့်​လွှတ်​ပါ၊​ မင်း​က​ ငါ့​အ​တွက်​မ​ဟုတ်​ဘူး​ လို့​

မင်း​ပြော​လိုက်​ရ​တဲ့​အ​တွက်​

ငါ​ချစ်​ရ​တဲ့​သူ၊​ ငါ​ မ​ပိုင်​တဲ့​သူ​

ငါ​ မင်း​ရဲ့​ ကျွန်​ဖြစ်​လိမ့်​မယ်​

ည​အ​ရိပ်​အ​ဖြစ်​ လင်း​လက်​ဖြစ်​ပါ​ရ​စေ​

ငါ​ မင်း​ရဲ့​ အိပ်​မက်​ ဖြစ်​ချင်​တယ်​

အ​ကြောင်း​ကြောင်း​ကြောင့်​ မင်း​ရဲ့​အ​ကြည့်၊​ မင်း​ရဲ့​အ​သံ​တွေ​က​

ငါ့​အ​တွက်​ မ​ဖြစ်​ခဲ့​ဘူး​

ငါ့ရဲ့​ ညည်း​ညူ​သံ​ကို​ ဘု​ရား​သ​ခင်​ ကြား​ပါ​တယ်​

အ​ဖြေ​ထဲ​မှာ​က​ ငါ​မ​ပိုင်​တဲ့​သူ​ လို့​ ပဲ့​တင်​ထပ်​နေတယ်​

တိတ်​ဆိတ်​နေ​တုန်း​မှာ​ ငါ့​ကို​ တိုး​တိုး​လေး​ ပြော​ပါ​

မင်း​အ​တွက်​ ငါ့​ကို​ သိပ်​လို​အပ်​နေ​တယ်​လို့​

ငါ​ဘေး​က​ဖြတ်​သွား​တဲ့​ ခြေ​လှမ်း​တိုင်း​ကို​

ချစ်​မြတ်​နိုး​တယ်​လို့​

ယု​ယ​ကြင်​နာ​တဲ့​ မင်း​ရဲ့​ လက်​တွေ​ထဲ​မှာ​

ငါ​ မ​နက်​နိုး​ထ​ချင်တယ်​

နေ​အ​လင်း​တန်း​တွေ​ က​ မင်း​နှုတ်​ခမ်း​တွေ​ပေါ်​မှာ​

ဘယ်​လို​ ဆော့​က​စား​နေ​တယ်​ဆို​တာ​ ကြည့်​ချင်​တယ်​

ငါ​ချစ်​ရ​တဲ့​သူ၊​ ငါ​ မ​ပိုင်​တဲ့​သူ​

ငါ​ မင်း​ရဲ့​ ကျွန်​ဖြစ်​လိမ့်​မယ်​

ည​အ​ရိပ်​အ​ဖြစ်​ လင်း​လက်​ဖြစ်​ပါ​ရ​စေ​

ငါ​ မင်း​ရဲ့​ အိပ်​မက်​ ဖြစ်​ချင်​တယ်​

အ​ကြောင်း​ကြောင်း​ကြောင့်​ မင်း​ရဲ့​အ​ကြည့်၊​ မင်း​ရဲ့​အ​သံ​တွေ​က​

ငါ့​အ​တွက်​ မ​ဖြစ်​ခဲ့​ဘူး​

ငါ့ရဲ့​ ညည်း​ညူ​သံ​ကို​ ဘု​ရား​သ​ခင်​ ကြား​ပါ​တယ်​

အ​ဖြေ​ထဲ​မှာ​က​ ငါ​မ​ပိုင်​တဲ့​သူ​ လို့​ ပဲ့​တင်​ထပ်​နေတယ်​

Comments
Welcome to Lyricf comments! Please keep conversations courteous and on-topic. To fosterproductive and respectful conversations, you may see comments from our Community Managers.
Sign up to post
Sort by
Show More Comments
MakSim
  • country:Russia
  • Languages:Russian
  • Genre:Dance, Pop, Pop-Rock
  • Official site:http://maksim-music.ru/
  • Wiki:http://en.wikipedia.org/wiki/MakSim
MakSim
Latest update
Copyright 2023-2024 - www.lyricf.com All Rights Reserved