current location : Lyricf.com
/
Songs
/
Supermarket Flowers [Burmese translation]
Supermarket Flowers [Burmese translation]
turnover time:2024-04-27 16:54:21
Supermarket Flowers [Burmese translation]

[အပိုဒ်တစ်]

ပြတင်းပေါက်မှာတင်ထားတဲ့စူပါမားတ်က‌နေဝယ်လာတဲ့ပန်းလေးတွေကို ကျတော်ယူလိုက်တယ်။

အရင်ကသောက်လက်စ လက်ဖက်ရည်ကိုလည်းလက်ဖက်ရည်ခွက်ထဲကနေသွန်ပစ်လိုက်တယ်။

မတ်သရူး ကိုယ်တိုင်လုပ်ပေးထားတဲ့ဓါတ်ပုံအယ်လ်ဘယ်ကို ထုတ်ကြည့်ရင်း

အဲ့ဒါ‌တွေကကျတော့်ဘဝမှာအနှစ်သက်ဆုံးအမှတ်တရလေးတွေပေါ့

ကြောင်လေးတွေကိုအစာကျွေးပြီး အဖွားအတွက်ပို့ထားကြတဲ့ဆုတောင်းစာလေးတွေကို ယူလိုက်တယ်။

ဘီယာအကျန်တွေကိုပါ ဘေစင်ထဲသွန်ပစ်လိုက်တယ်။

"စိတ်မကောင်းဖြစ်နေရင်တောင် ယောက်ျားလေးဆိုတာမငိုရဘူး"လို့ အဖေကအမြဲပြောပြဖူးတယ်။

ဒါပေမယ့်အမေရေ သားမျက်တောင်ခက်တိုင်းမျက်ရည်တွေဆိုတာကျကျလာတယ်

[Pre-Chorus 1]

အဖွားမရှိ‌တော့တဲ့လောကကြီးက သားဘဝကိုဆုတ်ဖြဲနေသလိုပါ။

အရင်က‌ပျေ ာ်ရွှင်ဖူးတဲ့ဒီနှလုံးသားလေးက အခုကွဲ‌ကြေသွားပြီလေ။

[Chorus]

ဘုရားသခင်ကောင်းချီးပေးပါစေ။

အဖွားက သားရဲ့အမေလို နတ်မိမယ် တစ်ပါးပါ။

သားလဲကျတဲ့အခါတိုင်း ဖေးမပေးတာ အဖွားပါဗျာ။

ဘုရားသခင်က အဖွားကိုပြန်‌ခေါ်တဲ့အခါ

အဖွားရဲ့အတောင်ပံတွေကို ဖြန့်ပြီးသွားပါတော့။

ဘုရားသခင်က "ငါ့သမီး၊အိမ်မြှပန်ကြိုဆိုပါတယ်"လို့ပြောမှာပါ။

[အပိုဒ်၂]

အဖွားအိပ်ခဲ့တဲ့အိပ်ရာတွေခေါင်းအုံးတွေကိုသိမ်းခဲ့တယ်။သားတို့အတူထိုင်ခဲ့ကြတဲ့ ခုံလေးတွေကိုပါ ထပ်လိုက်ပါပြီ။

အဖွားရဲ့ညဝတ်အက်ျီ‌တွေကိုပါ ဗီဒိုထဲခေါက်ထည့်လိုက်ပါပြီလေ

ဂျွန်ကသူကားမောင်းပေးမယ်ပြောပြီး သမီးပါးပေါ်က

မျက်ရည်တွေကို သူ့လက်လေးနဲ့သုတ်ပေး‌နေရှာပါတယ်။

[Pre-Chorus 2]

လောကကြီးကို အမေမြင်ခဲ့သလိုသမီးလည်းမြင်မယ်လို့ ထင်မိပါတယ်။

လောကကြီးမှာအချစ်တွေနဲ့ နေရတဲ့ဘဝကြီးက တကယ့်ဘဝလေ။

[Outro/Chorus]

ဘုရားသခင်ကောင်းချီးပေးပါစေ။

အဖွားက သားရဲ့အမေလို နတ်မိမယ် တစ်ပါးပါ။

သားလဲကျတဲ့အခါတိုင်း ဖေးမပေးတာ အဖွားပါဗျာ။

ဘုရားသခင်က အဖွားကိုပြန်‌ခေါ်တဲ့အခါ

အဖွားရဲ့အတောင်ပံတွေကို ဖြန့်ပြီးသွားပါတော့။

ဘုရားသခင်က "ငါ့သမီး၊အိမ်မြှပန်ကြိုဆိုပါတယ်"လို့ပြောမှာပါ။

[Outro/Chorus]

ဘုရားသခင်ကောင်းချီးပေးပါစေ။

အဖွားက သားရဲ့အမေလို နတ်မိမယ် တစ်ပါးပါ။

ကောင်းကင်ဘုံကနေ သားတို့ကို ကြည့်ရှုစောင့်ရှောက်ပေးပါ။

ဘုရားသခင်က အဖွားကိုပြန်ခေါ်တဲ့အခါ

အဖွားရဲ့အတောင်ပံတွေကို ဖြန့်ပြီးသွားရမှာ သားသိတာပေါ့။

ဘုရားသခင်က "ငါ့သမီး၊အိမ်မြှပန်ကြိုဆိုပါတယ်"လို့ပြောမှာပါ။

Comments
Welcome to Lyricf comments! Please keep conversations courteous and on-topic. To fosterproductive and respectful conversations, you may see comments from our Community Managers.
Sign up to post
Sort by
Show More Comments
Ed Sheeran
  • country:United Kingdom
  • Languages:English, Spanish, Gaelic (Irish Gaelic), Italian+2 more, Korean, Russian
  • Genre:Alternative, Folk, Pop, Pop-Folk, R&B/Soul, Singer-songwriter
  • Official site:http://edsheeran.com
  • Wiki:https://en.wikipedia.org/wiki/Ed_Sheeran
Ed Sheeran
Latest update
Copyright 2023-2024 - www.lyricf.com All Rights Reserved