current location : Lyricf.com
/
Songs
/
Звезда По Имени Солнце [Zvezda po imyeni Solntse] [Burmese translation]
Звезда По Имени Солнце [Zvezda po imyeni Solntse] [Burmese translation]
turnover time:2024-05-02 05:14:51
Звезда По Имени Солнце [Zvezda po imyeni Solntse] [Burmese translation]

ကွဲ​အက်​နေ​တဲ့​ ကမ္ဘာ​မြေ​ပေါ်​မှာ​

အ​ဖြူ​ရောင်​ နှင်း၊​ မီး​ခိုး​ရောင်​ ရေ​ခဲ​ တွေ။​

စောင်​ကြား​ လွှမ်း​ခြုံ​ထား​သ​လို​

မြို့​က​ လမ်း​တွေ​ ထဲ​မှာ​၊

ကောင်း​ကင်​က​ အ​လင်း​ရောင်​ကို​ ဖုံး​ကွယ်​ထား​ကြ​ရင်း​

မြို့​အ​ပေါ်​မှာ​​ တိမ်​တွေ​ ကူး​ခတ်​နေ​ကြ​တယ်​

မြို့​အ​ပေါ်​မှာ​ အ​ဝါ​ရောင်​ မီး​ခို​တွေ​ လည်း​ရှိ​တယ်​

နေ​လို့​ခေါ်​တဲ့​ ကြယ်​ရဲ့​အ​လင်း​ရောင်​ အောက်​မှာ​ နေ​ထိုင်​ရင်း​

မြို့​သက်​တမ်း​ နှစ်​ပေါင်း​ နှစ်​ထောင်​ရှိ​ခဲ့​ပြီ​

နှစ်​ပေါင်း​နှစ်​ထောင်​ ကြာ​ စစ်​ပွဲ​ဖြစ်​ခဲ့​တယ်​

ခိုင်​လုံ​တဲ့​အ​ကြောင်း​ပြ​ချက်​ မ​ရှိ​တဲ့​ စစ်​ပွဲ​

စစ်​ပွဲ​ဆို​တာ​ လူ​ငယ်​တွေ​ရဲ့​အ​လုပ်​

ပါး​ရေ​နား​ရေ​တွန့်​တာ​ကို​ ကာ​ကွယ်​ပေး​တဲ့​ ဆေး​ပဲ​ ( အ​သက်​မ​ကြီး​ခင်​သေ​ရ​တယ်​ )

နီ​ရဲ​တဲ့​ နီ​ရဲ​တဲ့​ သွေး​

တစ်​နာ​ရီ​ကြာ​ရင်​ သာ​မာန်​ မြေ​ကြီး​ ဖြစ်​သွား​ပြီ​

နှစ်​နာ​ရီ​ကြာ​ရင်​ မြေ​ပေါ်​မှာ​ ပန်း​တွေ​ မြက်​ခင်း​တွေ​ ရှိ​နေ​ပြီ​

သုံး​နာ​ရီ​ကြာ​ရင်​ ကမ္ဘာ​မြေ​ဟာ​ တစ်​ဖန်​ပြန်​ပြီး​ ရှင်​သန်​ပြီ​

ပြီး​တော့​ နေ​လို့​ခေါ်​တဲ့​ကြယ်​ရဲ့​ အ​လင်း​တန်း​ နဲ့​

နွေး​ထွေး​နေ​ပြီ​

ငါ​တို့​သိ​တယ်​​ ဒီ​လို​အ​မြဲ​ဖြစ်​ခဲ့​မယ်​လို့​

တ​ခြား​ဥ​ပ​ဒေ​စည်း​ကမ်း​နဲ့​ နေ​မယ့်သူ​က​ ( သာ​မာန်​လူ​နဲ့​မ​တူ​ပဲ​ ထူး​ခြား​တဲ့​သူ​ )

ဒါ​ပေ​မယ့်​ ငယ်​ငယ်​ရွယ်​ရွယ်​နဲ့​ သေ​ရ​မယ့်​သူ​က​

ကံ​ကြမ္မာရဲ႕ မျက်​နှာ​သာ​ပို​ပေး​ခြင်း​ခံ​ရ​မယ်​လို့​

ဟုတ်​တယ်​ မ​ဟုတ်​ဘူး​ ဆို​တဲ့​စ​ကား​လုံး​ကို​ သူ​ မ​မှတ်​မိ​ဘူး​

ရာ​ထူး​အ​ဆင့်​အ​တန်း​တွေ​ နာ​မည်​တွေ​ကို​ သူ​ မ​မှတ်​မိ​ဘူး​

အိပ်​မက်​မက်​တယ်​လို့​ မ​တွေး​ပဲ ( မ​ဖြစ်​နိုင်​ဘူး​လို့မ​တွေး​ပဲ​​ )​

ကြယ်​ထိ​ အ​ရောက်​သွား​နိုင်​တယ်​ ( အောင်​မြင်​အောင်​ ကြိုး​စား​နိုင်​တယ်​ )

ဒါ​ပေ​မယ့်​ နေ​လို့​ခေါ်​တဲ့​ ကြယ်​ရဲ့​ လောင်​မြိုက်​ခြင်း​ ခံ​ရ​တယ်​ ( စော​စော​သေ​ရ​တယ်​ )

Comments
Welcome to Lyricf comments! Please keep conversations courteous and on-topic. To fosterproductive and respectful conversations, you may see comments from our Community Managers.
Sign up to post
Sort by
Show More Comments
Kino
  • country:Russia
  • Languages:Russian, English
  • Genre:New Wave, Punk, Rock, Singer-songwriter
  • Official site:http://www.kinoman.net/
  • Wiki:https://ru.wikipedia.org/wiki/Кино_(группа)
Kino
Kino Featuring Lyrics
Latest update
Copyright 2023-2024 - www.lyricf.com All Rights Reserved