current location : Lyricf.com
/
Songs
/
Кукушка [Kukushka] [Burmese translation]
Кукушка [Kukushka] [Burmese translation]
turnover time:2024-05-02 00:18:26
Кукушка [Kukushka] [Burmese translation]

မ​ရေး​ရ​သေး​တဲ့​သီ​ချင်း​တွေ​ ဘယ်​လောက်​ရှိ​လဲ

ပြော​ပြ​ပါ၊​ ဥ​သြ​ငှက်​လေး​ရေ၊​ တေး​ဆို​ပြ​ပါ

ငါ​ မြို့​မှာ နေရမလား၊ မြို့ပြင်မှာ နေရမလား

ကျောက်​တုန်း​လို​ လှဲ​နေ​ရ​မ​လား၊​ ကြယ်​လို​ တောင်​လောင်​ရ​မ​လား

ကြယ်​လို။

ငါ​ရဲ့​နေ​မင်း​ရေ​ ငါ့​ကို​ ကြည့်​ပါ

ငါ့​ရဲ့​ လက်​ဖ​ဝါး​က​ လက်​သီး​အ​ဖြစ်​ ပြောင်း​သွား​ပြီ

စွမ်း​အား​တွေ​ ရှိ​သေး​ရင်​ ငါ့​ကို​ ကူ​ညီ​အား​ပေး​ပါ

ဒီ​လို

တစ်​ယောက်​တည်း​သွား​တဲ့​ခြေ​လှမ်း​တွေအ​တိုင်း​ ဘယ်​သူ​လိုက်​မ​လဲ

သန်​မာ​တဲ့​​ ရဲ​ရင့်​တဲ့

သူတွေ​ တိုက်​ပွဲ​မှာ​ ကျ​ဆုံး​ခဲ့​ပြီ

အ​နည်း​ငယ်​ကသာ​ မှတ်​ဉာဏ်​ကောင်း​တဲ့​သူ

တည်​ကြည်​တဲ့​ ဦး​နှောက် ရှိ​သူ​ ကြံ့​ခိုင်​ သန်​မာ​တဲ့​လက်​ရှိ​သူ​တွေ​ အ​ဖြစ်​ကျန်​တော့​တယ်

ငါ​ရဲ့​နေ​မင်း​ရေ​ ငါ့​ကို​ ကြည့်​ပါ

ငါ့​ရဲ့​ လက်​ဖ​ဝါး​က​ လက်​သီး​အ​ဖြစ်​ ပြောင်း​သွား​ပြီ

စွမ်း​အား​တွေ​ ရှိ​သေး​ရင်​ ငါ့​ကို​ ကူ​ညီ​အား​ပေး​ပါ

ဒီ​လို

မင်း​ဘယ်​မှာ​လဲ​ ချုပ်​ခြယ်​မှု​မ​ရှိ​တဲ့​ လွတ်​လပ်​ခြင်း​ရေ

အ​ခု​ မင်း​ ဘယ်​သူ​နဲ့​အ​တူ

ချစ်​စ​ရာ့​အာ​ရုံ​ဦးကို​ တွေ့​နေ​တာ​လဲ​။ ဖြေ​ပါ

မင်း​နဲ့​အ​တူ​နေ​ရ​တာ​ ကောင်း​တယ်​ မင်း​မ​ရှိ​ရင်​ ဆိုး​တယ်

ကြိမ်​ဒါဏ်​တွေ​ အောက်​မှာ ဦး​ခေါင်း​နဲ့​ ပု​ခုံး​ တွေ​​ ခံ​နိုင်​ရည်​ရှိ​ကြ​တယ်

ငါ​ရဲ့​နေ​မင်း​ရေ​ ငါ့​ကို​ ကြည့်​ပါ

ငါ့​ရဲ့​ လက်​ဖ​ဝါး​က​ လက်​သီး​အ​ဖြစ်​ ပြောင်း​သွား​ပြီ

စွမ်း​အား​တွေ​ ရှိ​သေး​ရင်​ ငါ့​ကို​ ကူ​ညီ​အား​ပေး​ပါ

ဒီ​လို

Comments
Welcome to Lyricf comments! Please keep conversations courteous and on-topic. To fosterproductive and respectful conversations, you may see comments from our Community Managers.
Sign up to post
Sort by
Show More Comments
Kino
  • country:Russia
  • Languages:Russian, English
  • Genre:New Wave, Punk, Rock, Singer-songwriter
  • Official site:http://www.kinoman.net/
  • Wiki:https://ru.wikipedia.org/wiki/Кино_(группа)
Kino
Kino Featuring Lyrics
Latest update
Copyright 2023-2024 - www.lyricf.com All Rights Reserved